မန်ချက်စတာယူနိုက်တက် ၁-၀ ဘရိုင်တန် (ရုပ်သံဟိုက်လိုက်)

2.2K
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကြီး မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဘရိုင်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မန်ချက်စတာအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘရိုင်တန်အသင်းက အပြန်အလှန်ထိုးဖောက် ကစားနိုင်ခဲ့တာတွေ့ရပါတယ်။
ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင်အသင်းက အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုမှာတော့ ဧည့်သည်အသင်းက ပိုမိုရရှိခဲ့ပါတယ်။
မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ အယ်ရှလေယန်းကန်သွင်းချက် ဘရိုင်တန်အသင်းက ဒပ်ခ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားမှာ ၁၃ ပွဲကစား ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၂ မှာရပ်တည်နေပြိး ဘရိုင်တန်အသင်းကတော့ ၁၃ ပွဲကစား ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။