ဘရာဇီးတွင် အမေရိကန်လက်ထောက်ကောင်စစ်ဝန် သေနတ်ပစ်ခံရ

ဘရာဇီးနိုင်ငံက အမေရိကန် လက်ထောက်ကောင်စစ်ဝန်ဟာ သေနတ်နဲပစ်ခတ်ခံရပြီး ခြေထောက်ကို ထိမှန်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ရီယိုမြို့ရဲ့ အဝေးပြေးလမ်းမပေါ်မှာ အမေရိကန် လက်ထောက်ကောင်စစ်ဝန် စီးနင်းလာတဲ့ ကားကို ဓားပြတိုက်ဖို့ လူတစ်ချို့ ချဉ်းကပ်လာရာမှာ ကားကို လမ်းဘေးကို ဆွဲချကာ မောင်းနှင်ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးသွားတဲ့ကားကို ဓားပြတွေက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရာမှာ အမေရိကန်လက်ထောက်ကောင်စစ်ဝန်ရဲ့ ခြေထောက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ခွဲစိတ်ကုသဖို့ အခင်းဖြစ်ရာနေရာကနေ မြို့တော် ရီယိုမှာရှိတဲ့ ဆာမာရီတာနို ဆေးရုံကို တင်ပြီးကုသခဲ့တယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပြီး၊ သေနတ်ပစ်ခတ်မှုဖြစ်ရပ်ကြောင့် အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိသွားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ စံချိန်တင်ဆိုးဝါးတဲ့ စီးပွားရေး ကျဆင်းမှုနဲ့ရင်ဆိုင်နေရပြီး၊ နိုင်ငံရေးအကျင့်ပျက်မှု အရှုပ်တော်ပုံတွေကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတော်များများ ရပ်ဆိုင်းနေပြီး၊ လူမှုပြဿနာ ဆိုးတွေကို တိုးပွားလာတာဖြစ်ပါတယ်။ ဘရာဇီးအစိုးရဟာ ပြီးခဲ့တဲ့လပိုင်းက မြို့တော် ရီယိုရဲ့ ဆင်ခြေဖုံးနယ်မြေတွေမှာ ကင်းလှည့်စောင့်ကြည့်ဖို့ စစ်သား ထောင်နဲ့ချီ တပ်ဖြန့်ချထားခဲ့ပေမယ့် ရမ်းကားတိုက်ခိုက်မှုတွေအပေါ် ထိရောက်မှု သိပ်မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up