Home
မြန်မာသတင်း
ကျောင်းများအတွက် သန့်စင်ခန်း ၅ သောင်း လိုအပ်နေကြောင်း ပညာရေးဝန်ကြီး ပြော
DVB
·
November 25, 2017
မြန်မာနိုင်ငံက အခြေခံပညာကျောင်း တကျောင်းချင်းစီရဲ့ သန့်စင်ခန်းရေအိမ် လိုအပ်ချက်အရ စုစုပေါင်း ရေအိမ် သန့်စင်ခန်း ၅ သောင်းနီးပါးထပ်ပြီး လိုအပ်နေကြောင်း ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသွားပါတယ်။ ကမ္ဘာ့ရေအိမ်များနေ့အခမ်းအနားကို ဗိုလ်တထောင် ကျောင်းပေါင်းစုံကနေ ကမ္ဘာ့ရေအိမ်သန့်စင်ရေးနေ့ ခေါင်းစဉ်နဲ့ စိန်ပေါကျောင်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၇ နာရီ မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စွန့်ပစ်အညစ်အကြေးတွေကနေ အသက်ကို ထိခိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေ ပြန့်ပွားမှုကို သန့်စင်ခန်းအိမ်သာတွေကနေ လူ့အသက်ဘဝတွေကို ရှင်သန်စေဖို့အတွက် ဒီအခမ်းအနားကို နိုင်ငံတကာမှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဒီအခမ်းအနား ကျင်းပဖို့အတွက် ကမ္ဘာမှာ စင်ကာပူနိုင်ငံက စတင်ဆော်သြခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူရဲ့ဇနီးဖြစ်သူနဲ့ စင်ကာပူသံအမတ်ကြီးရဲ့ ဇနီးတို့က စတင်နှိုးဆော်ဆောင်ရွက်ပြီး ပညာရေးဝန်ကြီးဌာနနဲ့ ဦးနေအုပ်စိန်ပေါဦးဆောင်တဲ့ သန့်စင်မေတ္တာအဖွဲ့နဲ့ အလှူရှင်တွေပူးပေါင်းပြီး အ-ထ-က ၆ ဗိုလ်တထောင်ကျောင်းမှာ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက လက်ရှိမြန်မာနိုင်ငံမှာ အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းမှာ တက်ရောက်နေသူစုစုပေါင်း ၉ ဒသမ ၁ သန်း ကျော်ရှိပြီး ရေအိမ်သန့်စင်ခန်းစုစုပေါင်း ၁ သိန်း ၉ သောင်းကျော် အသုံးပြုနေကြောင်းနဲ့ နောက်ထပ် ရေအိမ်ပေါင်း ၅ သောင်းနီးပါး ထပ်ပြီး လိုအပ်နေကြောင်း ထည့်သွင်းပြောကြား သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024