ဝက်စ်ဘရွန်းအသင်း၏ ကမ်းလှမ်းမှု ဝက်စ်ဟမ်းနည်းပြဟောင်း ဘီလစ် ငြင်းပယ်

ဝက်စ်ဘရွန်းအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတာကို ဝက်စ်ဟမ်းနည်းပြဟောင်း ဘီလစ်က ငြင်းဆိုလိုက်ပါတယ်။ ဘီလစ်ဟာ ဝက်ဟမ်းအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် မိသားစုနဲ့အတူ အနားယူနေခဲ့တာဖြစ်ပြီး လာမယ့်နှစ်မတိုင်ခင်အထိ ဘောလုံးလောကထဲကို ပြန်မဝင်ချင်သေးကြောင်း ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းပိုင်ရှင် တရုတ်လူမျိုးကတော့ ဘီလစ်ကို ခေါ်ယူလိုနေတာဖြစ်ပေမယ့် ငြင်းဆန်ခြင်းခံခဲ့ရတာကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဟောင်း အလန်ပါဂျူးကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဘီလစ်ဟာ ခရိုအေးရှားအသင်းနဲ့အတူ အင်္ဂလန်အသင်းကို အနိုင်ရရှိခဲ့ပြီး နာမည်ကြီးလာခဲ့တဲ့ နည်းပြတဦး ဖြစ်ပါတယ်။ သူဟာ ဝက်စ်ဟမ်းအသင်းကို စတင်ကိုင်တွယ်ချိန် ပထမ နှစ်ရာသီမှာ အဆင့် ၇ နဲ့ အဆင့် ၁၁ နေရာရောက်ရှိအောင် စွမ်းဆောင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ၁၁ ပွဲကစားအပြီး ၂ ပွဲသာ အနိုင်ရခဲ့ကာ အမှတ်ပေးဇယား အောက်ဘက်မှာ ရပ်တည်နေရတာပါ။ လက်ရှိအချိန်မှာ ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၀ မှတ်သာရရှိသေးပြီး အဆင့် ၁၇ နေရာကို ရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up