A d v e r t i s e m e n t With Us

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပြည်ပတွင် ခြေစမ်းပွဲများ ကစားမည်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အာရှဖူဆယ်ပြိုင်ပွဲအကြိုပြင်ဆင်မူအဖြစ် ပြည်ပထွက်ပြီး ခြေစမ်းပွဲ ၅ ပွဲလောက် ကစားဖို့ စီစဉ်ထားပါတယ်။ မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ အာဆီယံ ဖူဆယ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့ပြီး တတိယဆုရခဲ့တာကြောင့် အာရှဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ "ဂျပန်ဖြစ်ဖြစ်၊ တရုတ်မှာဖြစ်ဖြစ် ခြေစမ်းပွဲ ၅ ပွဲလောက်ကစားဖို့ MFF ကို တင်ပြထား ပြီး ပထမဆုံး အာရှပွဲဖြစ်ပေမယ့် အုပ်စုတက်ဖို့ ကြိုးစားပြင်ဆင်သွားမယ်" လို့ မြန်မာဖူဆယ်နည်းပြ ဦးဌေးမြင့်က ပြောပါတယ်။ ခြေရည်တူ အသင်း ၂ သင်းကို အနိုင်ရမှ အုပ်စုတက်နိုင်မယ်လို့လည်း သူက ပြောပါတယ်။ မြန်မာဖူဆယ်အသင်းဟာ အာဆီယံပြိုင်ပွဲမှာ တတိယဆုရအောင် စွမ်းဆောင်ခဲ့တဲ့ ကစားသမား ၁၆ ဦးနဲ့အတူ နောက်ထပ် ၃ ဦး အင်အားဖြည့်တင်းထားပြီး ဒီဇင်ဘာ ၄ ရက်မှာ လေ့ကျင့်မူတွေ ပြန်လည်စတင်မှာပါ။ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၁ ရက်အထိ တရုတ်တိုင်ပေမှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အုပ်စုခွဲဝေမူ မပြုလုပ်ရသေးဘဲ အာရှထိပ်သီးအသင်းတွေဖြစ်တဲ့ အီရန်၊ ဥဇဘက်ကစ္စတန်၊ ထိုင်းတို့က မဲအိုး ၁ မှာ ပါဝင်ပြီး မြန်မာအသင်းကတော့ မဲအိုး ၄ မှာ ပါဝင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up