အဲဗာတန်ကို ဂိုးပြတ်အနိုင်ရပြီး ဘောင်းဘီချွတ်အောင်ပွဲခံသည့် အက်တလန်တာ နောက်ခံလူ

အဲဗာတန်ကို ယူရိုပါလိဂ်မှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိပြီးတဲ့နောက် အက်တလန်တာနောက်ခံလူ မက်တီရာကဲလ်ဒါရာဟာ ဘောင်းဘီ၊ ခြေအိတ်၊ ဖိနပ်တို့ကို ချွတ်ပြီး ဂူဒီဆင်ပါခ်ကွင်းကြီးကို ပတ်ပြေးပြီး အောင်ပွဲခံခဲ့ပါတယ်။ မက်တီရာကဲလ်ဒါရာဟာ ပွဲကစားချိန် ၆၁ မိနစ်မှာ ဝင်ရောက်လာခဲ့ပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပွဲကစားချိန် ၈၅ မိနစ်ကျော်မှာ ၃ ဂိုးထပ်မံရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မက်တီရာဟာ ပွဲပြီးဆုံးချိန်မှာ ဘောင်းဘီကို ချွတ်၊ ခြေအိတ်တွေကို စုတ်ဖြဲပြီးဘောလုံးကန်ဖိနပ်တို့ကို ချွတ်ပြီးတော့ ကွင်းကိုပတ်ပြေးပြီး ထူးဆန်းစွာ အောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။ အက်တလန်တာအသင်းဟာ အခုပွဲအနိုင်ရလဒ်ကြောင့် အုပ်စု (င) မှာ ထိပ်ဆုံးကရပ်တည်ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ရလဒ်တွေ ဆိုးရွားနေဆဲဖြစ်သလို ယူရိုပါလိဂ်အုပ်စု အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

More News
Up