မန်စီးတီးနှင့် ရီးရဲလ်ကစားသမားဟောင်း ရော်ဘင်ဟို ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရဖွယ်ရှိ

ဓာတ်ပုံ - Marca
မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ရောဘင်ဟိုဟာ ၂၀၁၃ ခုနှစ်က အီတလီနိုင်ငံ မီလန်မြို့က ကလပ်တခုမှာ အယ်လ်ဘေးနီးယား မိန်းကလေးတဦးကို လိင်အကြမ်းဖက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၉ နှစ်ထိ ချမှတ်ခံရဖွယ် ရှိနေပါတယ်။ ရော်ဘင်ဟိုနဲ့ သူငယ်ချင်း ၅ ဦးဟာ မီလန်မြို့က နိုက်ကလပ်တခုမှာ အယ်လ်ဘေးနီးယား မိန်းကလေးတဦးကို ဝိုင်းပြီး လိင်အကြမ်းဖက်ခဲ့တာ ပြစ်မှုထင်ရှားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အမှုကိစ္စနဲ့ပတ်သတ်လို့ ရော်ဘင်ဟိုရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့အမှုသည်အနေနဲ့ ပြစ်မှုကျူးလွန်ခြင်း မရှိဘူးဆိုတာ သိထားတယ်လို့ ပြောကြားခဲ့ပါတယ်။ မီလန်တရားရုံးကတော့ ကျူးလွန်ခံရတဲ့ အယ်လ်ဘေးနီးယား မိန်းကလေးကို ယူရို ၆ သောင်း နစ်နာကြေးပေးစေဖို့ အစောပိုင်းက အမိန့်ချထားပြီး ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ရော်ဘင်ဟိုဟာ လက်ရှိအချိန်မှာတော့ ဘရာဇီးကလပ် မက်နဲရိုးလ်အသင်းအတွက် ကစားနေပြီး အခုပြစ်ဒဏ်သာ ချမှတ်ခံရပါက ရော်ဘင်ဟိုကို ဘောလုံးကွင်းအတွင်း မြင်တွေ့ရဖွယ် မရှိတော့ပါဘူး။

More News
Up