ချန်ပီယံလိဂ်တွင် ဂိုးပြတ်နိုင်ခဲ့သည့် ရီးရဲလ်အသင်းသားများကို ကားသစ်တစီးစီ လက်ဆောင်ပေး

ဓာတ်ပုံ - Getty Images
အခုတပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အေပိုးလ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီးတဲ့နောက် အသင်းသားတွေအတွက် ကားသစ်တစီးစီကို အော်ဒီကုမ္ပဏီက လက်ဆောင်ပေးခဲ့ပါတယ်။ အော်ဒီကုမ္ပဏီဟာ နှစ်စဉ် ကားသစ်တွေ လက်ဆောင်ပေးနေကျဖြစ်ပြီး အခုတခါမှာတော့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ မြင်းကောင်ရေအားအများဆုံး ၆၀၀ အားရှိတဲ့ RS7 မော်ဒယ်ကားသစ် ရရှိခဲ့ပါတယ်။ အဲဒီကားဟာ တန်ကြေး ပေါင် ၁ သိန်းခွဲရှိပြီး အော်ဒီရဲ့ နောက်ဆုံးထွက် မော်ဒယ်ထဲက တစီးလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုအပြင် နည်းပြ ဇီဒန်း၊ တောင်ပံကစားသမား ဂါရက်ဘေးလ်၊ ရာမို့စ်၊ ဘင်ဇီမာနဲ့ တခြားကစားသမားတွေဟာလည်း မော်ဒယ်အလိုက် ကားသစ်တစီးစီ ရရှိခဲ့တာပါ။ အသင်းခေါင်းဆောင် ရာမို့စ်ရရှိခဲ့တဲ့ ကားကတော့ R8 Spyder အမျိုးအစားကားဖြစ်ပြီး တန်ကြေး ပေါင် ၂ သိန်းခွဲရှိကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနှစ်စ လာလီဂါမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up