အရက်မူးပြီး ရထားသံလမ်းပေါ် ရောက်နေသည့် အမျိုးသမီးကို ကယ်တင် (ရုပ်သံ)
Published By
DVB | 24 November, 2017
2K
0
Share
0
Comment
0
Likes
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့စွန်က ဘူတာရုံတခုမှာ သံလမ်းပေါ်ရောက်နေတဲ့ အမျိုးသမီးတဦးကို ရထားမရောက်မီ စက္ကန့်ပိုင်းအလိုမှာ ဆွဲတင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
စီစီတီဗွီ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ အဲဒီဖြစ်ရပ်ကို နိုဝင်ဘာ ၂၃ ရက်မှာ သြစတြေးလျ ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ထုတ်လွှင့်ခဲ့တာပါ။
အမျိုးသမီးဟာ အရက်မူးနေတာဖြစ်တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပြီး အနက်ရောင်ဝတ်ဆင်ထားတဲ့ အဲဒီအမျိုးသမီးဟာ ရထားသံလမ်းပေါ်ကနေ ဘူတာရုံပလက်ဖောင်းပေါ်ကိုတက်ဖို့ ကြိုးစားနေတဲ့ပုံတွေကို ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
အဲဒီအမျိုးသမီးကို အမျိုးသား ရထားစီးခရီးသည်တဦးနဲ့ ပြည်သူ့အကာအကွယ်ပေးရေး အရာရှိ ၃ ဦးက သံလမ်းပေါ်ကနေ ပလက်ဖောင်းပေါ်ကို အချိန်မီ ဆွဲတင်ခဲ့ရတာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ နေ့ရက်၊ အချိန်နဲ့ ဘူတာရုံတို့ကိုတော့ ဗစ်တိုးရီးယားရဲတပ်ဖွဲ့က ဖော်ပြခဲ့ခြင်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။