Home
မြန်မာသတင်း
ကားပေါ်မှ အက်ဆစ်ပုံးများ ပြုတ်ကျ အက်ဆစ်ထိ၍ လူ ၂ ဦး ဒဏ်ရာရ
DVB
·
November 24, 2017
ပဲခူးတိုင်း၊ ဇေယျဝတီမြို့မှာ မနေ့မွန်းလွဲပိုင်းက ဆာလဖြူရစ်အက်ဆစ်ပုံးတွေ ၁၈ဘီးကားပေါ်က ပြုတ်ကျပြီး အက်ဆစ်တွေဖိတ်စဉ်ကာ ဆိုင်ကယ်စီးသွားသူ ၂ဦး အက်ဆစ်ရည်တွေထိကာ ဒဏ်ရာရခဲ့တယ်လို့ ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက “အက်ဆစ်ပုံးတွေက ရန်ကုန်ကနေ သယ်လာတာ။ ကြေးစင်တောင်၊ စံပယ်တောင်ကို ပို့မယ့်ဟာတွေလို့ သိရတယ်။ အားလုံး စုစုပေါင်း ပုံးက ၁၉ ပုံးပါ။ ဖြစ်တဲ့နေရာ ရောက်တော့ ကားကို ဘရိတ်အုပ်လိုက်တဲ့အချိန်မှာ ၁၉ ပုံးထဲက ၉ ပုံးက ပြုတ်ကျပြီး ပုံးတွေက ကွဲပြီးတော့ အက်ဆစ်အရည်တွေက လမ်းဘေးက ဆိုင်ကယ်နဲ့ သွားနေတဲ့ လင်မယားနှစ်ယောက်ကို စဉ်ကုန်တာပါ။”လို့ပြောပါတယ်။ အရေပြားအပူလောင်တဲ့ ဒဏ်ရာတွေကြောင့် ဇေယျဝတီတိုက်နယ်ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ထပ်လွှဲပြောင်းပို့ဆောင်ထားရပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူးလို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း အောင်ဇော်ကို ဇေယျဝတီ နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၈၄ အရ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024