Home
မြန်မာသတင်း
ကင်ဆာရောဂါ ထိန်းချုပ်ရေး ဆွေးနွေးပွဲ မြိတ်မြို့တွင်ကျင်းပ
DVB
·
November 24, 2017
ကင်ဆာရောဂါထိန်းချုပ်ရေးမှာ ဆရာဝန်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတခုကို မြိတ်မြို့၊ ကန်ဖျားနယ်မြေရှိ ဒက္ခိဏဒီပါ ပုဂ္ဂလိကဆေးရုံမှာ နိုဝင်ဘာ ၂၃ ရက်က ကျင်းပပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်)နဲ့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပါင်းကျင်းပတဲ့ အဆိုပါပွဲကို ရန်ကုန်မြို့က ရောက်ရှိလာတဲ့ ကင်ဆာရောဂါအထူး ကုဆရာဝန်ကြီး ၉ ဦး တက်ရောက် ပညာပေးဟောပြောခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါတယ်။ အထွေထွေသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က“ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကြိုတင်သိရှိထားပြီး ရှောင်ရှားနိုင်ဖို့ ဆွေးနွေးပွဲပြုလုပ်တာပါ။ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကြိုတင်သိရှိထားရင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေ သိထားမယ်။ ဖြစ်ပွားမယ့်နှုန်းလည်း လျော့ကျလာမယ်။ ဖြစ်ပွားရင်လည်း ကုသဖို့ လွယ်ကူပါ့မယ်။ ဒါကြောင့် ဆရာတို့အနေနဲ့ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ကင်ဆာရောဂါ ၈ မျိုးနဲ့ပတ်သက်ပြီး သိရှိထားဖို့ လာရောက်ပြီး ပညာပေး ဆွေးနွေးကြတာ”လို့ ပြောပါတယ်။ ဟောပြောပွဲ အစီအစဉ်ကို မြိတ်မြို့ရှိ ဆရာဝန်တွေတက်ရောက်လာခဲ့ကြပြီး ကင်ဆာရောဂါတွေနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ကင်ဆာရောဂါ ပညာပေး ဟောပြောရာမှာ  အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာနဲ့ အမျိုးသားလိင်အင်္ဂါ ကင်ဆာတွေအကြောင်းတွေအဓိကပါဝင်ပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024