နိုင်ဂျီးရီးယား တိုက်စစ်မှူး ယာကူဘူ ကစားသမားဘဝမှ အနားယူ

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်အသင်းတွေမှာ ပွဲပေါင်း ၂၅၀ ထိ ကစားခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူးကြီး ယာကူဘူက သူ့ရဲ့ ၃၅ နှစ်ပြည့် မွေးနေ့မှာ ကစားသမားဘဝက အနားယူကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ သူဟာ မစ်ဒယ်ဘရော့၊ ပို့စ်မောက်၊ အဲဗာတန်နဲ့ ဘလက်ဘန်းအသင်းတွေမှာ ကစားခဲ့ပြီး ဘောလုံးကစားသမားသက်တမ်း နှစ် ၂၀ အတွင်းမှာ ပွဲပေါင်း ၄၂၈ ပွဲကစားပြီး ၁၇၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ယာကူဘူဟာ မိခင် နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းကြီးအတွက် ၅၇ ပွဲကစားပြီး ၂၁ ဂိုး သွင်းယူပေးခဲ့တာကြောင့် နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း သမိုင်းတလျှောက် တတိယအကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ပြီး အမှတ်တရတွေအတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယာကူဘူဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးကလပ်ဖြစ်တဲ့ အင်္ဂလန် လိဂ်တူးကလပ် ကိုဗင်ထရီစီးတီးအသင်းနဲ့ ရာသီအစ ၃ ပွဲကစားပြီးနောက် နုတ်ထွက်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့မွေးနေ့မှာ အနားယူကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up