ဂျူဗင်တပ်တွင် ဆက်ရှိရန် မသေချာဟု တိုက်စစ်မှူး ဒိုင်ဘားလား ပြော

2K
ဂျူဗင်တပ်အသင်းမှာ ဆက်ရှိဖို့ မသေချာဘူးလို့ တိုက်စစ်မှူး ဒိုင်ဘားလားက ဝန်ခံပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်အသင်းမှာပဲ ကစားသမားဘဝတလျှောက်လုံး ဆက်ကစားမယ်လို့ ပြောလို့မရသလို လာမယ့်နှစ်မှာတောင် ဆက်ရှိဖို့ မသေချာဘူးလို့ ပြင်သစ်မီဒီယာတခုနဲ့ အင်တာဗျူးမှာ ဒိုင်ဘားလားက ပြောကြားခဲ့တာပါ။
အသက် ၂၄ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘားလားဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းနဲ့ ၁၅ ပွဲမှာ ၁၂ ဂိုး သွင်းယူထားတာပါ။
ဒီလိုခြေစွမ်းပြနေပေမယ့် ပြီးခဲ့တဲ့အပတ်က ဆမ်ဒိုးရီးယားကို ရှုံးနိမ့်သွားလို့ ဂျူဗင်တပ်အသင်းက အမှတ်ပေးဇယား အဆင့် ၃ အထိ ကျဆင်းသွားပါတယ်။
ဒိုင်ဘားလားကို စပိန်ကလပ် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး မန်ယူအသင်းနဲ့လည်း သတင်းထွက်နေပါတယ်။