Home
မြန်မာသတင်း
ဘုရားဆင်းတုတော်နှင့် နတ်ရုပ်ခိုးသူတွေ ဖမ်းဆီး
DVB
·
November 23, 2017
  ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက ဘုရားဆင်းတုတော်နဲ့ နတ်ရုပ်တွေ ခိုးတဲ့သူ ၃ ဦးကို ဖမ်းမိထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၀ ရက် နေ့လည်ပိုင်းမှာ ကမာရွတ်မြို့နယ်၊  ၁၀ ရပ်ကွက်၊ သံလွင်လမ်းရှိ၊ ဓာတ်ပေါင်းစုစေတီအနီးမှာ မသန္တာ(ခ)သန္တာကြည်၊ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုးနဲ့ ရဲမင်း(ခ)မှန်ကြီးတို့ ၃ ဦးကို ဖမ်းမိတာလို့ ရဲ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ ၃ ဦးကို စစ်ဆေးဖော်ထုတ်ချက်အရ သူတို့ဟာ ရန်ကုန်နဲ့ ပဲခူးတိုင်းထဲမှာရှိတဲ့ ဘုရားတွေနဲ့ နတ်နန်းတွေကနေ ဘုရားရုပ်ပွားတော်တွေ နတ်ရုပ်ထုတွေ မှန်စီရွှေချ နဂါးရုပ်ထု တွေ မှန်စီရွှေချ ဒေါင်းရုပ်ထုတွေ ကြေးမောင်းတွေ ရွှေချထားတဲ့ ပလ္လင်တွေ ၀ိသာခါရုပ်ထုတွေနဲ့  ဦးတီပွားသစ်သားရုပ်ထုတွေကို ခိုးယူခဲ့ကြတယ်လို့ ဖော်ထုတ်ရရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ပဲခူးတိုင်းအတွင်းရှိ ဘုရားရုပ်ပွားတော် ၁၅ ဆူ၊ နတ်ရုပ် ၁၅ ခု၊ မှန်စီရွှေချ နဂါးရုပ်ထု ၂ ခု၊ ပလ္လင် ၂ ခု၊ ကြေးမောင်း ၂ ခု ၀ိသာခါရုပ်ထု ၁ ခုနဲ့ ဦးတီပွားရုပ်ထု ၁ ခုတို့ကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိထားပြီး ပိုင်ရှင်တွေအနေနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ လာရောက်စုံစမ်းနိုင်ကြကြောင်း တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024