ရှော်ကေးလ်ကွင်းလယ်လူကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်း

အာဆင်နယ်အသင်းဟာ ရှော်ကေးလ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့် ကွင်းလယ်ကစားသမား လီယွန်ဂိုရက်ဇ်ကာကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပြီလို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ ဂျာမနီ ကွင်းလယ်ကစားသမားဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှုရဖို့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဂိုရက်ဇ်ကာကို ဘောလုံးရာသီကုန်ဆုံးမယ့် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတာပါ။ ဂိုရက်ဇ်ကာကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်၊ မန်စီးတီးနဲ့ တခြားအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်အသင်းဟာ ရှော်ကေးနောက်ခံလူ ကိုလာစီနက်ကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့တာကြောင့် ဂိုရက်ဇ်ကာကိုလည်း လက်ဦးမှု ရယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

More News
Up