အမေရိကန်ရေတပ် လေယာဉ်တစီး ပျက်ကျ၊ လူ ၈ ဦးကို ကယ်တင်ခဲ့ (ရုပ်သံ)

အမှုထမ်းနဲ့ ခရီးသည် ၁၁ ဦး လိုက်ပါလာတဲ့ အမေရိကန်ရေတပ် လေယာဉ်တစီးဟာ နိုဝင်ဘာ ၂၂ ရက်နေ့က ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း ပစိဖိတ်သမုဒ္ဒရာထဲကို ပျက်ကျခဲ့ပါတယ်။ အဲဒီ ပျက်ကျမှုမှာ လေယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးကို ကယ်တင်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒါရက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လေယာဉ်အင်ဂျင် တခုခုဖြစ်တာကြောင့် ပျက်ကျတာဖြစ်နိုင်တယ်လို့ သိရကြောင်းလည်း အိုနိုရာဒက ပြောပါတယ်။ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကနေ ဖိလစ်ပိုင်ပင်လယ်ပြင်ရှိ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင် (USS Ronald Reagan) ဆီ ဦးတည်မောင်းနှင်တဲ့ အဲဒီ C-2 ပို့ဆောင်ရေးလေယာဉ်ဟာ ဒေသစံတော်ချိန် ၂ နာရီ ၄၅ ဝန်းကျင်က ပျက်ကျခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up