ရန်ကုန်နှင့် ဧရာဝတီ မိုးကြီးမည်ဟု မိုးဇလ သတင်းထုတ်
DVB
·
November 22, 2017
ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန် ပါတယ်။
ဒီနေ့ ၄ နာရီအချိန်ထုတ်ပြန်ချက်ထဲမှာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြပါတယ်။
နောက် နှစ်ရက်မှာလည်း ရန်ကုန်၊ ပဲခူးနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တို့မှာ မိုးဆက်လက် ရွာဦးမယ်လို့လည်း မိုးလေ၀သသတင်းက ဖော်ပြထားပါတယ်။