A d v e r t i s e m e n t With Us

နယူးယောက်တွင် လူ ၈ ဦး သေဆုံးခဲ့ရသည့် ကားဖြင့်တိုက်မှု ကျူးလွန်သူကို စွဲချက်တင်

ဓာတ်ပုံ - ရိုက်တာ
နယူးယောက်မြို့မှာ လူ ၈ ဦး သေဆုံးခဲ့ရတဲ့ ကားနဲ့တိုက်ခိုက်မှု ကျူးလွန်သူ ဆေဖူလို ဆိုင်ပေါ့ကို အကြမ်းဖက်မှု၊ လူသတ်မှုတွေနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့က ဆိုင်ပေါ့ဟာ စက်ဘီးစီးသူတွေနဲ့ လမ်းသွားလမ်းလာတွေကို တမင်တကာ ကားနဲ့တိုက်ခဲ့ပြီးနောက် ချက်ချင်း ဖမ်းဆီးခံခဲ့ရတာပါ။ တရားခံ ဆိုင်ပေါ့ကို လူသတ်မှု ၈ မှု၊ လူသတ်ရန်ကြိုးပမ်းမှု ၁၂ မှု၊ အိုင်အက်စ်အဖွဲ့အား  ပစ္စည်းထောက်ပံ့ရန် ကြိုးပမ်းမှု ၁ မှု၊ လူသေစေသော မော်တော်ယာဉ်ဖျက်ဆီးမှု ၁ မှု စတဲ့ အမှုတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ တရားရေးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီ ကားနဲ့တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ နယူးယောက်မြို့မှာ ကုန်သွယ်ရေးမျှော်စင် တိုက်ခိုက်ခံရမှု နောက်ပိုင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up