ခံစစ် မည်သို့ကစားရမည်ကို လီဗာပူးအသင်း မသိဟု ဖာဒီနန် ဝေဖန်

လီဗာပူးအသင်းဟာ ခံစစ်ဘယ်လိုကစားရမလဲဆိုတာ မသိနားမလည်တဲ့အသင်း ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ဝေဖန်ပြောကြားလိုက်ပါတယ်။ BT Sports ရဲ့ သုံးသပ်ချက်အစီအစဉ်မှာ နောက်ခံကစားသမားဟောင်း ဖာဒီနန်က အခုလို ဝေဖန်လိုက်တာပါ။ လီဗာပူးအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ စပိန်ကလပ် ဆီဗီလာအသင်းကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုး ပြန်ပေးလိုက်ရလို့ သရေရလဒ်ပဲ ရယူနိုင်ခဲ့တာပါ။ အသင်းကောင်းတသင်းဟာ နေရာစုံကောင်းမွန်ဖို့ လိုအပ်ပြီး လီဗာပူးအသင်းက တိုက်စစ် ကောင်းမွန်ပေမယ့် ခံစစ်ပိုင်း ဘယ်လိုကစားရမလဲဆိုတာ မသိတဲ့အသင်းဖြစ်တယ်လို့ ဖာဒီနန်က ဆိုပါတယ်။ လီဗာပူးအသင်းဟာ ဆီဗီလာကို အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုပထမနဲ့ နောက်တဆင့် တက်ရောက်မှာဖြစ်ပေမယ့် သရေကျခဲ့လို့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါးတပ်မော်စကိုနဲ့ပွဲကို အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

More News
Up