ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 22, 2017
ရွှေဘိုပေါ်ဆန်းမွှေး
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေးက ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၅၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၈,၀၀၀ ရှိပါတယ်။
ပဲတီစိမ်း
ဘုရင့်နောင် ကုန်စည်ဒိုင်မှတော့ ပဲတီစိမ်းက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ငွေကျပ် ၁,၉၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅၀ ကျပ်ကနေ ငွေကျပ် ၇၂၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၇၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၈၀၀ ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၄၅,၀၀၀ ရှိပါတယ်။
နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ရှိပါတယ်။
နှမ်းဖြူ(ခြုံ)
နှမ်းဖြူ(ခြုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၃၂,၀၀၀ ရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၇၉၀ ကျပ် ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA