ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်အပေါ်မေးမြန်းချက် (ရုပ်သံ)
DVB
·
November 22, 2017
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်ထိ လာရောက်ဖို့ ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည် ခရီးစဉ်အပေါ် မြန်မာကတ်သလစ်အသင်းတော် ပြန်ကြားရေးတာဝန်ခံ ဖာသာဦးစိုးနိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
“မြန်မာပြည်ရဲ့ လှပမှုကို ပိုပြီးတော့ ပြသချင်တယ်။ ရခိုင်တခုထဲကြည့်ပြီး ကျန်တဲ့ဟာတွေ ပျောက်သွားမှာ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံက လူတွေရဲ့ ဖော်ရွေမှုတွေ၊ ခင်မင်မှုတွေ ဒါတွေကို ပြသရမယ်”