A d v e r t i s e m e n t With Us

အသင်းအပေါ် အာရုံစိုက်ရန် တိုက်စစ်မှူး စတာရစ်ကို လီဗာပူးနည်းပြ တိုက်တွန်း

တိုက်စစ်မှူး စတာရစ်အနေနဲ့ အသင်းအပေါ်မှာပဲ အာရုံစိုက်ကစားဖို့ နည်းပြ ဂျာဂန်ကလော့က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စတာရစ်ဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် ပွဲထွက်ခွင့်မရခဲ့သလို လူစားဝင်ကစားခွင့်လည်း မရခဲ့တာကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မိမိအနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးကို လိုအပ်ပြီး အပြောင်းအရွှေ့ကာလရောက်ဖို့ တလခွဲလောက် လိုသေးတာကြောင့် အသင်းပေါ်မှာ အာရုံစိုက်ကစားဖို့ လိုတယ်လို့ ဂျာဂန်ကလော့က ပြောပါတယ်။ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ဟာ ကမ္ဘာ့ဖလား ကစားရမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ  ပြန်လည်ရွေးချယ်ခံရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up