Home
မြန်မာသတင်း
တောင်သူများ ဘဝမြင့်မားရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဂျပန် ကူညီ
DVB
·
November 22, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သပြေသာရွာ နိုဝင်ဘာလ ၂၁ ရက်နေ့လယ်က မြန်မာနိုင်ငံတောင်သူများ ဘဝမြင့်မားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဂျပန်နိုင်ငံမှ စပါးရိတ်ထုံးစက် ၂ စီး၊ ဘက်ဟိုး ၁စီး မြေညှိကရိယာတွေကို ရွှေသာမြေတောင်သူများအဖွဲ့ကို မာစတာဟိရာအိုကာနှင့်အဖွဲ့မှ လာရောက်ပေးအပ်တယ်လို့ ရွှေသာမြေတောင်သူအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဦးက ပြောပါတယ်။ “အခုပေးတဲ့စက်တွေက ဂျပန်နိုင်ငံက ပေးတယ်။ အဲဒါကို ဂျပန် IDACA တောင်သူအဖွဲ့က မာစတာဟိရာအိုကာတို့က ကိုယ်စားလာပေးတယ် ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်လောက် ရှိမှာပေါ့ ခန့်မှန်းတာပေါ့နော်။ ရွှေသာမြေတောင်သူအဖွဲ့ကို စဖွဲ့တုန်းက ထွန်စက်တစီး အရစ်ကျ ငွေချေစနစ်နဲ့ ဂျပန်တောင်သူအဖွဲ့က ပေးထားတယ်။ ကျပ်သိန်း ၂၂၀ တန်တယ်။ ၉ နှစ်ဆပ် အရစ်ကျငွေပေးရမယ်။ ခုတော့ တကျပ်မှ မပေးရသေးဘူး။ ၃ နှစ်ပြည့်ပြီ။ ဂျပန်က တောင်သူအဖွဲ့တွေလို စုဝယ် မျှသုံးပြီး မြန်မာတောင်သူတွေရဲ့ဘဝ မြင့်မားစေချင်တယ်တဲ့ စပါးပေါ်ချိန်မို့ ရိတ်ထုံးစက်ပေးတယ်။ ဆည်ရေမရတော့ မြေအောက်ရေသုံးတာ လယ်မြေပျက်တယ်။ တပိုင်တနိုင်ရေကန်တွေ တူးပြီး လယ်ရေသုံးနိုင်ဖို့ ဘက်ဟိုးစက်ပေးတာတဲ့ မြန်မာတောင်သူတွေ ဘဝ တိုးတက်စေချင်တဲ့စေတနာကတော့ အံ့မခန်းပါပဲဗျာ"လို့ ရွှေသာမြေတောင်သူအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဦးက ဆက်ပြောပါတယ်။ စီမံကိန်းမန်နေဂျာ ဦးထွန်းညွှန့်က “တောင်သူတွေ ဘဝမြင့်မားပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ တောင်သူတွေကို အစုအဖွဲ့ဖွဲ့ပေးတယ်။ နည်းပညာပေးတယ်။ အထွက်တိုးမျိုးစေ့ ပေးတယ် စမ်းသပ်စိုက်ပျိုးပြတယ် ၃ နှစ်စီမံကိန်းပြီးတဲ့နောက် ဆက်လုပ်နိုင်ဖို့ စီမံခန့်ခွဲမှု စုဝယ်မျှသုံးပြီး လယ်ယာကဏ္ဍ တိုးတက်မှု၊ လမ်းညွှန်သင်ပြပေးတယ်။ သီးနှံထွက်လာရင် သိမ်းဆည်းထုပ်ပိုးမှု ရောင်းဝယ်မှုတွေ လမ်းညွှန်တယ်။ တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ပြီး နိုင်ငံတကာကအဖွဲ့တွေနဲ့ ချိတ်ဆက်မယ်။ လိုတဲ့ငွေကြေးကို ချေးယူနိုင်အောင် လုပ်ပေးထားတယ်”လို့ ပြောပါတယ်။ ရွှေသာမြေတောင်သူအဖွဲ့က “ဂျပန် IDACA တောင်သူအဖွဲ့က မြန်မာနိုင်ငံမှာ ကျောက်တန်းမြို့နယ်က ဆင်မကော်ရွာနဲ့ ဝမ်းတွင်းမြို့နယ်က သပြေသာရွာ စတဲ့ ၂ ရွာကို ကူညီပေးနေတယ်။ ၂၀၁၄ ခုနှစ်ကစပြီး ကူညီလုပ်ဆောင်လာတာ အခုဆို ၃ နှစ်ပြည့်ပြီ ဖြစ်တယ်။ သပြေသာရွာ ရွှေသာမြေတောင်သူအဖွဲ့မှ တနှစ်မှာ တောင်သူ ၃ ယောက် ဂျပန်ကို တပတ်တိတိ စရိတ်ငြိမ်း ခေါ်ယူပြီး နည်းပညာ မျှဝေပေးတယ်။ အခုဆို တောင်သူ ၉ ယောက် ဂျပန်နိုင်ငံ ရောက်ပြီးပြီ”လို့ ပြောပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024