လူကာကူနှင့် အီဘရာဟီမိုဗစ် အတူတွဲကစား၍ မရနိုင်ဟု လီဗာပူး ကစားသမားဟောင်းများ ပြော

ဓာတ်ပုံ - AFP/Getty Images
မန်ယူတိုက်စစ်မှာ လူကာကူနဲ့ အီဘရာဟီမိုဗစ် အတူကစားလို့ မရနိုင်ဘူးလို့ လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ ဘယ်လာမီတို့က ပြောပါတယ်။ ကာရေဂါနဲ့ ဘယ်လာမီတို့ဟာ စကိုင်းစပေါ့ ရုပ်သံအစီအစဉ်မှာ မန်ယူအသင်းက နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာ အခုလို ပြောကြားခဲ့တာပါ။ နယူးကာဆယ်နဲ့ပွဲမှာ လူကာကူ ဂိုးသွင်းနိုင်ခဲ့လို့ ယုံကြည်မှု ပြန်ရလာမှာဖြစ်ပေမယ့် အီဘရာဟီမိုဗစ် လူစားဝင်ကစားတဲ့အချိန်မှာ သူ့ကို ညာတောင်ပံမှာ ထွက်ကစားစေခဲ့လို့ အဆင်မပြေ ဖြစ်လာနိုင်တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။ လီဗာပူးနဲ့ ဝေးလ်ကစားသမားဟောင်း ဘယ်လာမီကလည်း လူကာကူဟာ အထောင်တိုက်စစ်မှူးနေရာက လွဲလို့ ဘယ်နေရာမှ ကစားနိုင်မှာ မဟုတ်တဲ့အတွက် အီဘရာဟီမိုဗစ်နဲ့ တွဲကစားလို့ မရနိုင်ကြောင်း၊ အရေးကြီးတဲ့ပွဲတွေမှာ သူတို့နှစ်ဦးကို တွဲဖက်အသုံးပြုမယ်ဆိုရင် ပြဿနာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

More News
Up