ရန်ကုန် စတော့ရှယ်ယာဈေးကွက် အရောင်းအဝယ်ကျဆင်းနေ
DVB
·
November 22, 2017
ရန်ကုန် စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာဈေးနှုန်းတွေက အကျဘက်မှာပဲ ဆက်လက် ရပ်တည်နေသလို အရောင်းအဝယ် ဈေးကွက်ကလည်း အကျဘက်မှာပဲ ရပ်တည်နေပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာ FMI ရှယ်ယာပေါက်ဈေးက ကျပ် ၁၂,၀၀၀ ဖြစ်ပြီး ရှယ်ယာအစုရေ ၁၁၀၀ သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သီလဝါ ရှယ်ယာပေါက်ဈေးကတော့ ကျပ် ၃,၁၀၀ ဖြစ်ပြီး ရှယ်ယာအရေအတွက် ၃,၅၀၀ နီးပါးပဲ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာပေါက်ဈေးကတော့ ကျပ် ၈,၀၀၀ ဖြစ်ပြီး ရှယ်ယာ အရောင်းအဝယ် လုံးဝမဖြစ်ခဲ့ပါဘူး။ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာပေါက်ဈေးကတော့ ကျပ် ၂၅,၅၀၀ ဖြစ်ပြီး ရှယ်ယာအရေအတွက် ၁၅၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
လက်ရှိ ရှယ်ယာဈေးကွက်အပေါ်မှာ ရှယ်ယာရှင်တွေက အားရမှုမရှိဘူးလို့ ပြောပါတယ်။