A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ်ပေါ် တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး သေကြောင်းကြံစည်သူ အမျိုးသားကို ကယ်တင်

ထိုင်းနိုင်ငံမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် တိုက်ရိုက် လိုက်ဖ်လွှင့်ပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးကို ရဲတွေက ကယ်တင်နိုင်ခဲ့တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့ပြီး ကန်ကရာဆန်လို့ အမည်ရတဲ့ အသက် ၂၈ နှစ်အရွယ် သေကြောင်းကြံစည်သူ အမျိုးသားဟာ ဘူရီယမ်ခရိုင်၊ ခေါ့ခ်ခလက်ခ်ဒေသတွင်းမှာ နေထိုင်သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ပိုးသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တော့မယ့် ထိတ်လန့်ဖွယ်စာတွေ တင်ခဲ့ပြီးနောက်မှာတော့ “မင်းတို့ကို ငါသေတာကိုပြမယ်” လို့ ခေါင်းစဉ်တပ် လိုက်ဖ်လွှင့်ခဲ့တာပါ။ သူ့ရဲ့သူငယ်ချင်းတွေဟာ ဒီထုတ်လွှင့်မှုကို တွေ့ခဲ့ချိန်မှာ ထိတ်လန့်သွားခဲ့ကြပြီး ရဲတွေကို အကြောင်းကြားခဲ့တာပါ။ အဲဒီနောက်တော့ ရဲတွေဟာ သူရှိနေတဲ့ဟိုတယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာတော့ သူ့ကို ဆေးရုံပို့ဆောင်ထားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သက်သာလာခဲ့ပြီး ဆရာဝန်တွေက သူ့ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောခဲ့ကြတာပါ။ ဆေးရုံကဆင်းပြီး နောက်တနေ့မှာတော့ သူက “အားလုံးရဲ့ပံ့ပိုးပေးမှုအပေါ် တကယ် ကျေးဇူးတင်မိပါတယ်။ ခုချိန်ကစပြီး ကျနော် ဘဝသစ်တခု စတင်ပါတော့မယ်။ ဆရာဝန်တွေကတော့ ကျနော့်ကို နားခိုင်းထားပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဖခင်အမျိုးသားက သူ့ရဲ့ မွေးကင်းစကလေးငယ်နဲ့ သူ့ကိုယ်သူ သေကြောင်းကြံစည်တာကို လိုက်ဖ်လွှင့်ပြသခဲ့လို့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up