A d v e r t i s e m e n t With Us

ပေါ့ဂ်ဘာသည် စတီဗင်ဂျရတ်ကဲ့သို့ ထိပ်တန်းအဆင့် မရောက်သေးဟု ဘင်နီတက်ဇ် ပြော

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ကစားသမားကောင်းတဦး ဖြစ်ပေမယ့် စတီဗင်ဂျရတ်လို ထိပ်တန်းအဆင့် မရောက်သေးဘူးလို့ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်နဲ့ လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း ဂျရတ်နဲ့ ပေါ့ဂ်ဘာရဲ့ခြေစွမ်း နှိုင်းယှဉ် မေးမြန်းရာမှာ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က အဲဒီလို ပြောကြားခဲ့တာပါ။ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ နယူးကာဆယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပြန်လည်ပွဲထွက်ခဲ့ပြီး အနိုင်ဂိုး ၁ ဂိုး သွင်းယူခဲ့တဲ့အပြင် ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာပါ။ ပေါ့ဂ်ဘာဟာ ဂျရတ်နဲ့ ကွဲပြားခြားနားတဲ့ ကစားသမားဖြစ်ပြီး ဂျရတ်လို နှစ်ပေါင်းများစွာထိ တိုင်အောင် ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုသေးတယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့ အဓိက ကစားသမားဖြစ်ပြီး မိမိရဲ့ ကစားသမား မဟုတ်တဲ့အတွက် သူ့ရဲ့ကစားပုံကို အများကြီး မပြောလိုဘူးလို့လည်း ဘင်နီတက်ဇ်က ပြောကြားခဲ့ပါတယ်။ ဘင်နီတက်ဇ်နဲ့ ဂျရတ်တို့ဟာ လီဗာပူးအသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up