A d v e r t i s e m e n t With Us

ကိုလံဘီယာတွင် ခရီးသည်တင်ယာဉ်တစီး ချောက်ထဲကျ၊ အနည်းဆုံး ၁၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ခရီးသည်တင်ယာဉ်တစီး ချောက်ထဲထိုးကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီယာဉ်ဟာ လူ ၅၅ ဦး တင်ဆောင်လာပြီး ပေ ၅၀၀ နက်တဲ့ချောက်ထဲ  ထိုးကျခဲ့တာပါ။ အဲဒီထဲက ၄၁ ဦးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။ ခရီးသည်တဦးက “ကျမ ကားပေါ်ကနေ ကျသွားတယ်။ ချောက်ထဲ ကားကျသွားတာာကို ကြည့်နေမိတယ်။ အလောင်းတွေကိုတော့ မတွေ့ဘူး” လို့ ပြောပါတယ်။ ဒဏ်ရာရ လူနာတွေဟာ ဆန်တာဖေးဆေးရုံ အပါအဝင် အနည်းဆုံး ဆေးရုံ ၃ ခုမှာ ကုသမှု ခံယူနေပါတယ်။ ယာဉ်မောင်းဖြစ်သူက “လမ်းက အတော်ဆိုးတယ်ဗျ။ ကားလမ်းပေါ်မှာ ကျောက်တုံးကြီးတတုံးရှိတယ်။ အဲဒါကို ရှောင်လိုက်တာ။ ဒါပေမယ့် ကားရပ်သွားချိန်မှာ ကားက ချောက်နှုတ်ခမ်းပေါ် ရောက်နေတယ်။ လမ်းပေါ်ဆွဲတင်ဖို့ ကြိုးစားပေမယ့် မရတော့ဘူး” လို့ ပြောပါတယ်။ အဲဒီဒေသက ကားလမ်းတွေဟာ အန္တရာယ်များတယ်ဆိုပြီး အရင်ကတည်းက နာမည်ကြီးနေတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up