စပါးနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ရန် ဒေါ့မွန် မျှော်လင့်

2.1K
ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ ဒီညမှာယှဉ်ပြိုင်မယ့် တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံလိဂ်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒေါ့မွန်အသင်းဟာ ၅ ပွဲမြောက် ချန်ပီယံလိဂ် အုပ်စုပွဲကို ကစားရမှာဖြစ်ပြီး ဒီပွဲအနိုင်ရမှ နောက်တဆင့်အတွက် မျှော်လင့်ချက်ရှိလာမှာပါ။
လောလောဆယ် ဒေါ့မွန်ဟာ အုပ်စုတွင်းမှာ နိုင်ပွဲမရှိသေးဘဲ ၂ မှတ်ပဲ ရသေးပြီး အဆင့် ၃ နေရာကို ရောက်ရှိနေပါတယ်။
ဒါ့အပြင် နောက်ဆုံးကစားထားတဲ့ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲတွေ့ထားပါတယ်။
ဒေါ့မွန်နည်းပြ ပီတာဘော့စ်ကတော့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံကို ပြသဖို့ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။
ဒီည စပါးအသင်းနဲ့ ကစားမယ့်ပွဲမှာတော့ စည်းကမ်းမလိုက်နာလို့ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ တိုက်စစ်မှူး အော်ဘာမီယန်း ဒေါ့မွန်အတွက် ပြန်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။
သူဟာ ဒီနှစ်ရာသီ ကစားထားတဲ့ ၁၁ ပွဲမှာ အသင်းအတွက် ၁၀ ဂိုး သွင်းယူထားပါတယ်။