A d v e r t i s e m e n t With Us

အိန္ဒိယတွင် ပလတ်စတစ်စက်ရုံတရုံ မီးလောင်ပြိုကျ၊ အနည်းဆုံး ၃ ဦး သေဆုံး

ဓာတ်ပုံ - skynews
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် လုဒီယာနာမြို့မှာ ပလတ်စတစ် စက်ရုံတရုံ နိုဝင်ဘာ ၂၀ ရက်နေ့က မီးလောင်ပြိုကျခဲ့လို့ မီးသတ်သမားတဦး အပါအဝင် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ Times Now နဲ့ India Express သတင်းဌာနတွေက အစီရင်ခံပါတယ်။ စက်ရုံ မီးလောင်ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူအယောက် ၂၀ လောက် ပိတ်မိနေတယ်လို့လည်း ဒေသခံအရာရှိတဦးက ပြောပါတယ်။ အေမာဆန် ပိုလီမာ ကုမ္ပဏီကပိုင်တဲ့ စက်ရုံကို မီးငြှိမ်းနေချိန် ပြိုကျလို့ မီးသတ်သမား အတော်များများနဲ့ တခြားလူတွေ ပိတ်မိနေခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ အိန္ဒိယ အမျိုးသားကပ်ဘေး တုံ့ပြန်ရေးတပ်ဖွဲ့၊ စစ်တပ်နဲ့ ဒေသခံရဲတွေက အပျက်အစီးတွေကို ဖယ်ရှား ရှာဖွေနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ဆန်စေဖို့ မြေတူးစက်နဲ့ မြေကော်စက်တွေကို အခင်းဖြစ်နေရာဆီ သယ်ဆောင်လာပြီး ဒေသခံတွေလည်း ဝိုင်းဝန်းလုပ်အားပေးနေပါတယ်။ စက်ရုံအနားမှာနေတဲ့ ဒေသခံတွေကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းထားခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံတလွှားက လူနေအိမ်နဲ့ စက်ရုံအများစုဟာ မီးဘေးစည်းကမ်းချက် လျော့ရဲတာ၊ အကောင်အထည်ဖော်မှု ရှားပါးတာနဲ့ ပုံမှန်စစ်ဆေးသုံးသပ်မှု မရှိတာကြောင့် အကြီးအကျယ် မီးလောင်တာနဲ့ နောက်ဆက်တွဲ အသက်ဆုံးရှုံးတာတွေ ဖြစ်လေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up