လာမည့်အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်း တိုက်စစ်မှူး ၂ ဦး ခေါ်ယူမည်

ဓာတ်ပုံ - Getty
2.2K
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူး ၂ ဦး ကျိန်းသေပေါက် ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
ရီးရဲလ် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ် ဒါမှမဟုတ် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ၂ ဦးထဲက ၁ ဦးကတော့ ပြောင်းရွှေ့လာဖို့ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ကတော့ လတ်တလော ဒဏ်ရာအခြေအနေပေါ် မူတည်နေပြီး လာမယ့် အပြောင်းအရွှေ့ကာလမှာ ထွက်ခွာမလား၊ ရာသီကုန်မှ ထွက်ခွာမလားဆိုတာ အတည်ပြုလို့ မရနိုင်သေးပေမယ့် ဂရစ်ဇ်မန်းကတော့ ပြောင်းရွှေ့ကြေး သတ်မှတ်ပြီးသားဖြစ်တဲ့ ကစားသမား ဖြစ်နေပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ ပျော်ရွှင်နေပေမယ့် ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရသလို ဂရစ်ဇ်မန်းကတော့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကြောင့် ပွဲထွက်ခွင့် ပြိုင်ဆိုင်မှု ရှောင်လွှဲလိုပြီး အသင်းပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။