အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ တောင်ကြီးတွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
November 21, 2017
ကလေး အခွင့်အရေးတွေကို မိဘပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကမ်းလှမ်းမေတ္တာအဖွဲ့က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို နိုဝင်ဘာ ၂၀ ရက်က တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကလေးသူငယ် အခွင့်အရေး ပြဇာတ်တွေ၊ ငြိမ်းချမ်းရေး သီချင်းသီဆိုမှုတွေ၊ အလှပန်းချီပုံဖော်ခြင်းတွေနဲ့ ကလေးအခွင့်အရေးနဲ့ ပတ်သက်တဲ့ အမေး အဖြေလေးတွေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ဟာ ၁၉၈၉ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
သတင်း - ခွန်ရာဇာ