Home
မြန်မာသတင်း
စိတ်ကြွမူးယစ်ဆေးပြား ၉သိန်းခွဲကျော် ဘူးသီးတောင်မြို့နယ်တွင် ထပ်မံသိမ်းဆည်းရမိ
DVB
·
November 21, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိခဲ့သူတဦးကို စစ်ဆေးချက်အရ သိုဝှက်ထားတဲ့ ဆေးပြား ၉ သိန်းခွဲကျော်ကို နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းက ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ WY စိတ်ကြွဆေးပြား ၁၀ သိန်းနီးပါးကို နိုဝင်ဘာ ၁၃ ရက်က ဖမ်းဆီးရမိခဲ့တဲ့အမှုမှာ ဖမ်းဆီးစစ်ဆေးခံရနေသူ စိုးပိုင်က ဆေးပြား သယ်ဆောင်သူ ဘသိန်းမောင်ဟာ ဘူးသီးတောင်မြို့နယ် အိုးသည်ရွာနားက တောင်ကြောမှာ ဆေးပြားတွေ ဝှက်ထားတယ်လို့ ဖော်ထုတ်တဲ့အတွက် မောင်တောခရိုင် ရဲတပ်ဖွဲ့က သွားရောက် ရှာဖွေတဲ့အခါ WY ဆေးပြားတွေကို ကို ဖမ်းဆီးရမိခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ် ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက “ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့နဲ့ သက်သေတွေပါ ခေါ်ပြီး လိုက်ရှာတော့ အဲဒီတောင်ကြောမှာပဲ ဆာလာအိတ် ၅ လုံးနဲ့ ဆေးတွေ ရှာတွေ့တယ်။ ဆေးပြားအားလုံး ၉၆၅,၂၀၀ မိပါတယ်” လို့  ပြောပါတယ်။ အခု ဖမ်းမိတဲ့ ဆေးပြားတန်ဖိုး ဒေသပေါက်ဈေး ငွေကျပ်သိန်း ၁၉၃၀,၄၀၀,၀၀၀ ရှိပါတယ်။ မောင်တောခရိုင်ထဲမှာ မူးယစ်ဆေးဝါး ဆက်တိုက်ဖမ်းမိနေပြီး နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း WY ဆေးပြား အရေအတွက် ၁ သန်းနီးပါးကို မောင်တောမြို့ပေါ်မှာ ဖမ်းမိခဲ့ပါသေးတယ်။ သတင်း - ကိုအောင်၊ ဓာတ်ပုံ - ခရိုင်ရဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024