A d v e r t i s e m e n t With Us

လာမည့်ဒီဇင်ဘာလအထိ တာဝန်ဆက်ထမ်းမည်ဟု မူဂါဘီ ပြော

ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီဟာ သူ့ရဲ့ ဇန်နုပီအက်ဖ်ပါတီနဲ့ ဆန္ဒပြ ပြည်သူတွေရဲ့ ဆန္ဒကို အာခံဖီဆန်ပြီး လာမယ့် ဒီဇင်ဘာလအထိ တာဝန်ဆက်လက်ထမ်းဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ရုပ်မြင်သံကြားကနေ မူဂါဘီ မိန့်ခွန်းပြောကြားခဲ့ရာမှာ စစ်ဘက်ခေါင်းဆောင်တွေကိုပါ အတူတွေ့ရှိရပါတယ်။ “ဖြစ်သွားခဲ့တဲ့ အရေးကိစ္စတွေ ကောင်းကောင်းဆိုးဆိုး ဘယ်လိုပဲဖြစ်ပါစေ၊ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတအနေနဲ့ရော ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ပါ ဒီကိစ္စတွေကို သတိပြုသိရှိပြီး ဒါတွေဟာ နိုင်ငံကို တည်ငြိမ်စေလိုတဲ့ ရိုးသားမှုနဲ့ မျိုးချစ်စိတ်ကြောင့် ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ "ကျနော်တို့ရဲ့ ဗိုလ်ချုပ်ကြီးတွေက ပါတီနဲ့ အစိုးရကြား စည်းလုံးခြင်းကင်းမဲ့မှု၊ အစိုးရက နိုင်ငံ့စီးပွါးရေးအပေါ် အရေးမစိုက်နိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်ရှိတာ အကျိုးအကြောင်း သင့်ပါတယ်။ ပါတီနဲ့ အစိုးရအတွင်း ရှိကြတဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေအကြား လူသိထင်ရှား အချင်းများမှုတွေကြောင့် ကျနော်တို့အပေါ် ဝေဖန်မှုတွေကို မလွတ်မြောက်နိုင်တာ ဖြစ်ပါတယ်” လို့ ရောဘတ်မူဂါဘီက ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ ရောဘတ်မူဂါဘီဟာ လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ပါတီကွန်ဂရက် အစည်းအဝေးအထိ တာဝန်ဆက်လက်ထမ်းဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။ စစ်ဘက်က အာဏာသိမ်းပြီးနောက် ဇန်နုပီအက်ဖ်ပါတီဟာ မူဂါဘီကို နိုင်ငံတော် အကြီးအကဲအဖြစ်ကနေ နုတ်ထွက်ဖို့ ၂၄ နာရီ အချိန်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up