ကြောက်မက်ဖွယ် သရဲပူး ကျောင်းသူလေးကို ပယောဂချွတ်သည့်ရုပ်သံ ပျံ့နှံ့

ဓာတ်ပုံ - CEN/El Liberal
အာဂျင်တီးနားနိုင်ငံမှာ ကြောက်မက်ဖွယ် သရဲတစ္ဆေ ဝင်ပူးကပ်ခံရတဲ့ ဆယ်ကျော်သက် ကျောင်းသူလေးကို ပယောဂချွတ်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါဟာ နိုင်ငံအလယ်ပိုင်း ဆန်နီယာဒို ဒယ်လ် အက်စ်တီယိုမြို့က စာသင်ကျောင်းထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိန်းကလေးရဲ့ရှေ့မှာ ပယောဂဆရာလို့ ယူဆရသူ အမျိုးသားတဦးက ရှိနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီအမျိုးသားဟာ မိန်းကလေးရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး တတွတ်တွတ် မန်းမှုတ်ရွတ်ဆိုနေခဲ့ကာ နောက်ပိုင်းမှာတော့ မိန်းကလေးရဲ့မျက်နှာကို ရိုက်နှက်ခဲ့ပုံရပြီး ကြမ်းပြင်ပေါ် ပုံကျသွားခဲ့တာကို တွေ့ရမှာပါ။ ဒါဟာ တကယ့်ကို ကျောချမ်းစရာကောင်းလှတဲ့ ရိုးရာဓလေ့အစွဲ ပယောဂချွတ်တဲ့ အခိုက်အတန့် ဖြစ်နေပါတယ်။ မိန်းကလေးဟာ ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့ပြီးနောက် အော်ဟစ်ရုန်းကန် တွန်းထိုးနေခဲ့တာကို တွေ့ရပါတယ်။ ရုပ်သံဖိုင်ထဲမှာပါတဲ့ အမျိုးသမီးကတော့ ကျောင်းသူမိန်းကလေးရဲ့ မိခင်ဖြစ်ဟန်တူပြီး သရဲပူးကပ်ခံရတဲ့ သမီးဖြစ်သူကို အစွဲချွတ်ပေးဖို့ အဲဒီအမျိုးသားကို ခေါ်ခဲ့တာလို့ သတင်းက ဆိုပါတယ်။ ပယောဂဆရာ အမျိုးသားဟာ ရုန်းကန်တွန်းထိုးနေတဲ့ မိန်းကလေးကို တတွတ်တွတ် မန်းမှုတ်ပြောဆိုနေခဲ့ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီးနောက်မှာတော့ ငြိမ်သွားခဲ့တာကို တွေ့ရပါတယ်။

More News
Up