Home
မြန်မာသတင်း
အိန္ဒိယနှင့်မြန်မာစစ်တပ် ပူးတွဲ စစ်ရေးလေ့ကျင့်
DVB
·
November 20, 2017
အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဂါလာယာပြည်နယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မယ်လို့  စစ်တပ်တာဝန်ရှိသူရဲ့ပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယ သတင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ ၅ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြည်နယ်ရဲ့မြို့တော်ရှီလုံအနီး အမ်ရိုင်းဒေသမှာ ဒီကနေ စတင်မှာဖြစ်ပြီး အိန္ဒိယ စစ်တပ်က အရာရှိ ၁၆ ဦးနဲ့  မြန်မာတပ်မတော်က အရာရှိ ၁၅ ဦး ပါဝင်မယ်လို့ ဆိုပါတယ်။ “IMBAX-2017″ လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိမ်းသိမ်းမှုလုပ်ငန်း အရ နှစ်နိုင်ငံအကြား အိန္ဒိယမြေပေါ်မှာ ပထမဆုံးလုပ်ဆောင်တာဖြစ်မယ်လို့ အိန္ဒိယ ကာကွယ်ရေးဌာန ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး ဆန်နိနယူတန်က ပြောပါတယ်။ ကုလသမဂ္ဂအလံတော်ရဲ့အောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိမ်းသိမ်းမှုလုပ်ငန်းမှာ မြန်မာတပ်မတော်က ကိုယ်စားလှယ်တွေပါဝင်ဖို့အတွက်လိုအပ်တဲ့ နည်းစနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ အမ်ရှိုင်းဒေသမှာ အလားတူ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ကိုးကားIANS ဓာတ်ပုံ-Northeast Today
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024