တိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ် လူနေမှုဘဝနှင့် ကုန်ထုတ်လုပ်မှု ထိခိုက်

ဓာတ်ပုံ - khmertimeskh
ဒီနှစ်အတွက် ၁၄ လုံးမြောက်ဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ခိရိုဂျိကြောင့် မိုးအဆက်မပြတ် ရွာနေလို့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက ဒေသခံတွေရဲ့ လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကို ထိခိုက်ခဲ့ပါတယ်။ ဗီယက်နမ် ရေလွှမ်းမိုးမှု ကာကွယ်ရေးဌာနက ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံအလယ်ပိုင်း နင်းသွမ်းခရိုင်ထဲမှာ သမားရိုးကျ ဆားထုတ်လုပ်ငန်း လုပ်ကိုင်ကြတဲ့ လယ်သမားတွေလည်း မိုးကြောင့် လုပ်ငန်းရပ်ထားရပါတယ်။ တရွာလုံး ဆားလုပ်ငန်းအပေါ် မှီခိုနေရလို့ လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှု ပုံမှန်ပြန်ဖြစ်စေရေး လယ်သမားတွေက မိုးမုန်တိုင်းတွေ ကင်းဝေးဖို့ ဆုတောင်းနေကြတယ်လို့ ဒေသခံ ဝင့်သန်းထရွန်က ပြောပါတယ်။ ဗီယက်နမ် မိုးလေဝသဌာနရဲ့ အဆိုအရ တိုင်ဖွန်း ခိရိုဂျိဟာ နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီမှာ အပူပိုင်း လေဖိအားနည်းရပ်ဝန်း အဆင့်ကိုလျော့ကျသွားပြီး ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းကြား ကမ်းရိုးတန်း ဒေသကနေတဆင့် ကုန်းတွင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up