သခင်ဗဟိန်း ကွယ်လွန်ခြင်း ၇၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

  မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အာဇာနည် ၁၇ ဦး ဗိမာန်မှာ သခင်ဗဟိန်း (ခ) ရဲဘော်ဗဟိန်း ကွယ်လွန်ခြင်း ၇၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပြီး သခင်ဗဟိန်း ရာပြည့်စာအုပ်မိတ်ဆက်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ စာရေးဆရာဆူးငှက်၊ စာရေးဆရာ ညီစေမင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ကိုဗဟိန်းကို လေးစားဂုဏ်ယူသူတွေက ကျင်းပခဲ့ကြတာဖြစ်ပြီး သံဃာတော် ၅ ပါးကို ဆွမ်းကမ်းအမျှဝေခဲ့ကြပါတယ်။

More News
Up