Home
မြန်မာသတင်း
ရေးမြို့နယ်၌ စိတ်ကြွဆေးပြား ၅၀၀၀ ကော်ျနှင့် ဘိန်းစာရွက်များ ဖမ်းမိ
DVB
·
November 19, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စိတ်ကြွဆေးပြား ၅ ထောင်ကျော်နဲ့ ဘိန်းစာရွက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်တပ်ဖွဲ့စု ၃၉ က ရဲအုပ် မျိုးသန့် ရဲတပ်ကြပ် အောင်ဝင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ သက်သေတွေဟာ မူးယစ်ဆေးဝါးသတင်းအရ ဦးကဝီနဲ့ ဒေါ်ရင်အေးတို့ နေထိုင်ရာ လယ်စောင့်တဲကို ဝင်ရောက်ရှာဖွေရာ လယ်စောင့်တဲ အနီး လယ်ကန်သင်းရိုး မြက်ပင်တွေ ကြားမှာကော်ဘူးနဲ့ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၅၀၄၄ ပြား ကာလတန်ဖိုး သိန်း ပေါင်း ၂၅၂ သိန်းကျော်ကို သိမ်းဆည်းရမိတယ်လို့ ရဲအရာ ရှိတဦးက ပြောပါတယ်။ ဆက်လက်ရှာဖွေရာ လယ်စောင့်တဲအတွင်း အိပ်ယာခေါင်းရင်းမှ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ ဘိန်းစာ ရွက်အစို ၁၅ ကျပ်သား အလေးချိန် ၂၄၄ ဒသမ ၅ ဂရမ်၊ ကာလတန်ဖိုး ၃ သောင်းကျပ်ကို ထပ်မံ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ခေါဇာနယ်မြေရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဦးကဝီ နဲ့ ဒေါ်ရင်အေး(ခေါ်) ဒေါ်ခင်ဝါတို့ကို အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024