သံသယဖြစ်ဖွယ်အထုပ်တွေ့ရှိ သတင်းပေးပို့မှု မိကျောင်းဖြစ်နေလို့ ရဲအံ့သြ (ရုပ်သံ)

အိမ်အပြင်ဘက်က ထူးဆန်းတဲ့ အထုပ်တထုပ်အကြောင်း ရဲတွေကို သတင်းပို့လို့ သွားရောက်ချိန်မှာ ခြံဝန်းထဲ လျှောက်သွားနေတဲ့ မိကျောင်းကြီးကို တွေ့တာကြောင့် ရဲတွေ အံ့သြသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိတ်ပ်ကော်ရယ်မြို့မှာ အိမ်တံခါးဝနားက အထုပ်ကြောင့် အိမ်ပိုင်ရှင်တွေ စိတ်အနှောင့်အယှက်ဖြစ် ထိတ်လန့်နေတယ် အကြောင်းကြားခဲ့လို့ ရဲတွေ သွားချိန် အိမ်ရှေ့တံခါးရဲ့အပြင်ဘက်မှာ မိကျောင်းကြီး ရှိနေနတာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေ ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် ပြန်လည်ဖြန့်ဝေထားတဲ့ ရုပ်သံထဲမှာ မိချောင်းကြီးက အိမ်အပြင်ဘက် ခြံဝန်းထဲ လျှောက်သွားနေပြီး နောက်ဆုံး အိမ်ခြံဝန်းနဲ့စပ်လျက် ရေကန်ထဲ ဆင်းသွားတာကို တွေ့ရပါတယ်။ မိကျောင်းတွေ့ရှိခဲ့မှုအပေါ် အိမ်ရှင်တွေလည်း အံ့သြနေကြတယ်လို့ ကိတ်ပ်ကော်ရယ်မြို့ ရဲဌာနက ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ အကြိမ်သောင်းဂဏန်း ဖြန့်ဝေကြတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up