A d v e r t i s e m e n t With Us

မူဂါဘီ နုတ်ထွက်ပေးရေး သမ္မတအိမ်တော်ထိ ဇင်ဘာဘွေပြည်သူများ ချီတက်ဆန္ဒပြ

People march past an armoured personnel carrier towards the State House during a demonstration demanding the resignation of Zimbabwe's president on Nov. 18, 2017 in Harare, Zimbabwe.
ဇင်ဘာဘွေသမ္မတ မူဂါဘီ ရာထူးက နုတ်ထွက်ပေးရေးအတွက် နိုဝင်ဘာ ၁၈ ရက်နေ့က သမ္မတ အိမ်တော်ထိ ပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မြို့တော် ဟာရဲရားမှာတော့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ သီဆိုကခုန်ပြီး သမ္မတ မူဂါဘီ အုပ်စိုးမှု အဆုံးသတ်တော့မှာကို အောင်ပွဲခံနေကြပါတယ်။ တချို့ စစ်ကားတွေပေါ်တက်ပြီး မူဂါဘီ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။  “ကျမကလေးတွေ လွတ်မြောက်ဖို့အတွက် သမ္မတအိမ်တော်ဆီ ကျမ လမ်းလျှောက်ပြီးပါပြီ” လို့ ဇင်ဘာဘွေ ပြည်သူတဦးက ပြောကြားခဲ့ပါတယ်။ “အရင်ကဆို ကျမတို့ဒီလမ်းမှာ လမ်းလျှောက်လို့ မရဘူး။ ဒီနေ့တော့ အရင်ကလို မဟုတ်ဘူး။ ခေတ်သစ်တခုစပြီ” လို့ နောက်ပြည်သူတဦးက ပြောခဲ့ပါတယ်။ ဇင်ဘာဘွေပြည်သူတွေဟာ အနှစ် ၂၀ လုံးလုံး ဖိနှိပ်မှုကို ခံစားခဲ့ရပြီးနောက် နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲကို မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က ဇင်ဘာဘွေ တပ်မတော်ဟာ သမ္မတ မူဂါဘီဆီကနေ အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ တချို့ကလည်း “ခေါင်းဆောင်မှုဆိုတာ တော်စပ်မှုကနေ မရနိုင်ဘူး” ဆိုပြီး သမ္မတကတော် ဂရေ့စ်မူဂါဘီကို ဆန့်ကျင်တဲ့ ပိုစတာကို ကိုင်ပြီး ဆန္ဒပြကြပါတယ်။ အကြောင်းကတော့ ရာထူးက ထုတ်ပယ်လိုက်တဲ့ ဒုတိယသမ္မတနေရာမှာ ဂရေ့စ်မူဂါဘီကို အစားထိုးဖို့ သတင်းထွက်ခဲ့လို့ပါပဲ။ လက်ရှိ အာဏာရ ZANU-PF ပါတီကလည်း နိုဝင်ဘာ ၁၉ ရက်နေ့မှာ အထူးကော်မတီ အစည်းဝေးပြုလုပ်ပြီး  မူဂါဘီကို ပါတီခေါင်းဆောင်အဖြစ်က ထုတ်ပယ်မှာ ဖြစ်ပါတယ်။ အာဏာရှင် မူဂါဘီဟာ အသက် ၉၃ နှစ် ရှိပြီဖြစ်ပြီး ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up