အမျိုးသမီးတဦးနှင့် စကားပြောမိသည့် ဆော်ဒီအမျိုးသား အဖမ်းခံရ

ဆော်ဒီအာရေးဗီးယားနိုင်ငံ မက်ကာမြိုမှာ အသင့်အစားအစာရောင်း စားသောက်ဆိုင် ဝန်ထမ်းအမျိုးသားက နေ့လယ်စာ စားချိန်အတွင်း သူ့ဆီလာတဲ့ အမျိုးသမီးနဲ့ ဆိုင်အပြင်ဘက်မှာ စကားပြောမိလို့ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ ရဲက အဲဒီစားသောက်ဆိုင် ဝန်ထမ်း အမျိုးသားနဲ့ စကားအနည်းငယ် ပြောအပြီးမှ သူ့ကို ဖမ်းလိုက်တယ်လို့ သိရပြီး နောက်ပိုင်းမှာ အမျိုးသားကို နိုင်ငံရဲ့ စံနှုန်းနဲ့ တန်ဖိုးတွေကို ဖောက်ဖျက်လို့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်သုံးစွဲသူတွေက အမျိုးသားအနေနဲ့ ဘာမှ အမှားမယွင်းမလုပ်ဘဲ ဖမ်းခံရလို့ ဒေါသဖြစ်နေကြပါတယ်။ “ဝန်ထမ်းက အမျိုးသမီး တယောက်နဲ့ တွေ့တယ်၊ ဒါ ဘာမှားလို့လဲ” လို့ လူမှုကွန်ရက်သုံးစွဲသူတဦးက ပြောပါတယ်။ “အမျိုးသမီးက သူ့ရဲ့ အမျိုး ဒါမှမဟုတ် ညီမက သူ့ကို အလုပ်မှာ လာတွေ့တာ ဖြစ်မှာပေါ့” လို့ နောက်ထပ်သုံးစွဲသူတဦးက ရေးထားပါတယ်။ “ဒီကိစ္စနဲ့ ပက်သက်လို့ စုံစမ်းပြီးတဲ့နောက် စားသောက်ဆိုင်က ကျောင်းရဲ့ အနောက်ဘက်မှာ ရှိတယ်။ ရုပ်သံထဲက အမျိုးသမီးက အဲဒီကျောင်းက ကျောင်းသူတယောက် နေ့လယ်စာ စားချိန်မှာ ကျောင်းသူက အမျိုးသားဆီ သွားတာက ကျနော်တို့ရဲ့ စံနှုန်း တန်ဖိုးတွေကို ဖောက်ဖျက်တာပါ” လို့ ရဲထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ အမျိုးသား ဘယ်သူဘယ်ဝါဆိုတာ ရဲက သိပြီးနောက် နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်မှုနဲ့ သူ့ကို ဖမ်းဆီး စုံစမ်းအပြစ်ပေးခဲ့တယ်လို့ ရဲကပြောပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားအုပ်ချုပ်သူရဲ့ ခွင့်ပြုချက်မပါဘဲ သူတို့နဲ့ အဆက်အစပ်မရှိ ဆွေမျိုးမတော်စပ်တဲ့ အမျိုးသားတဦးနဲ့ ဘယ်လိုဆက်သွယ်တာကိုမဆို တားမြစ်ထားတယ်လို့ သိရကြောင်း မေရာသတင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။

More News
Up