ဖက်ကီရာကို အာဆင်နယ်ထံ လုံးဝရောင်းမည်မဟုတ်ဟု လိုင်ယွန်ပြော

အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ဖက်ကီရာကို လုံးဝ ရောင်းထုတ်မှာမဟုတ်ဘူးလို့ လိုင်ယွန်အသင်းဥက္ကဋ္ဌ မိုက်ကယ်အောလက်စ်က ပြောကြားလိုက်ပါတယ်။ အဆိုပါ ပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လိုင်ယွန်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းရလဒ်တွေကောင်းအောင် စွမ်းဆောင်ပေးတဲ့နေရာမှာ အဓိကနေရာကနေ ပါဝင်နေလို့ ကျေးဇူးတင်ပြီး ဖက်ကီရာ အသင်းကနေ မထွက်သွားဖို့ ဘာမဆိုလုပ်သွားမယ်လို့ ပြောကြားလိုက်တာပါ။ အခုနှစ်ရာသီ လီဂူးဂိုးသွင်းအများဆုံး ၁၁ ဂိုးနဲ့ တတိယနေရာမှာရှိနေတဲ့ ဖက်ကီရာဟာ လိုင်ယွန်အသင်းနဲ့ ၂၀၂၀ ထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေသွားရဖွယ်ရှိနေပေမယ့် အသင်းတိုက်စစ်မှူး လာကာဇက်နဲ့ တွဲဖက်ကစားနိုင်ဖို့ ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up