A d v e r t i s e m e n t With Us

အဘွားအို လမ်းဖြတ်ကူးနိုင်ရန် ကားဖြင့်လမ်းပိတ်ကူညီခဲ့သည့်ရုပ်သံ ရေပန်းစား

အဘွားအိုတဦး လမ်းဖြတ်ကူးဖို့ ကားတွေ ရပ်တန့်မပေးခဲ့ကြတဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံ ကားသမားအချို့ရဲ့ အတွေးအမြင်အယူအဆကို ထင်ထင်ရှားရှား အာရုံစိုက်လာကြတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျက်ဂျီယမ်ခရိုင် ဂျင်ဟူရာမြို့မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အဘွားအိုတဦးက ကားလမ်းဖြတ်ကူးဖို့ လုပ်နေတာပါ။ ဒါပေမယ့် ကားတွေက အဘွားအိုကို လျစ်လျူရှု့သတိမထားဘဲ ဖြတ်သွားကြပြီး အဝါရောင်ကားတစီးကသာ သူမ လမ်းဖြတ်ကူးနိုင်ဖို့ ကားရပ်စောင့်ပေးခဲ့ပါတယ်။ နောက်ဆုံး အဝါရောင်ကားထဲက ဒရိုင်ဘာ လျူယိုက အဘွားအိုကို လေးစားတဲ့အနေနဲ့ သူမ ကားလမ်းဖြတ်ကူးနိုင်ဖို့ လမ်းကို တခြားကားတွေ မသွားနိုင်အောင် သူ့ကားနဲ့ ကန့်လန့်ဖြတ်ပိတ်ဆို့ပြီး ကူညီခဲ့တာပါ။ ဒေသခံရဲက ကားလမ်းကူးသူကို ဂရုမစိုက်ဘဲ လျစ်လျူရှုပြီး ဖြတ်သွားခဲ့တဲ့ ကားဒရိုင်ဘာ ၇ ဦးကို ဒဏ်ငွေတပ်ခဲ့ပြီး ကားလမ်းပိတ်ခဲ့တဲ့ လျူယိုကတော့ လမ်းစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့လို့ ဝေဖန်ခံရကြောင်း စီဂျီတီအန်သတင်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up