A d v e r t i s e m e n t With Us

100 PLUS Active Run 2017 မာရသွန်ပြိုင်ပွဲကြီး ကျင်းပ

100 PLUS Active Run 2017 မာရသွန်ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၁၉ ရက် မနက်က ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပနေပါတယ်။ ၁၀ ကီလိုမီတာနဲ့ ၃ ဒသမ ၅ ကီလိုမီတာ ပြိုင်ပွဲအမျိုးအစား နှစ်မျိုး  ကျင်းပပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ပြေးလမ်းကြောင်း ၂ မျိုးလုံး သုဝဏ္ဍအားကစားကွင်းကနေ စတင်တာထွက်မှာဖြစ်ပြီး ၁၀ ကီလိုမီတာ စိန်ခေါ် မာရသွန်အတွက်  မနက် ၅ နာရီခွဲမှာ တာလွှတ်ပြီး အပျော်တမ်းအပြေးနဲ့ လမ်းလျှောက်ပြိုင်ပွဲအတွက် မနက် ၆နာရီမှ စတင်တာလွှတ်ပါတယ်။ ပြိုင်ပွဲဝင်သူပေါင်း ထောင်ချီရှိနေပြီး  ပြေးလမ်းကြောင်းတလျှောက် ၂.၅ ကီလိုမီတာတိုင်းမှာ water and hydration station  တွေ ထားပေးသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးသွားမယ်လို့ ကြေညာထားပါတယ်။ ပြိုင်ပွဲမှာ ပထမရတဲ့ အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲဝင်တွေကို ဆုတံဆိပ်၊ လည်ဆွဲပြား၊ စင်ကာပူနိုင်ငံကို ၃ ညအိပ် ၄ ရက်ခရီးစဉ်နဲ့ 100 PLUS က ကူညီပံ့ပိုးတဲ့ Singapore Standard Chartered Marathon (10KM) မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ ငွေသားဆုကြေး ၈၀၀,၀၀၀ (ရှစ်သိန်း) ကျပ်၊ တစ်နှစ်စာသောက်သုံးဖို့ 100 PLUS အချိုရည်ဘူးတွေနဲ့ ပန်းဝင်အမှတ်တရ တီရှပ်တစ်ထည် ချီးမြှင့်သွားမှာပါ။ ဒုတိယနဲ့ တတိယရတဲ့ အမျိုးသားနဲ့ အမျိုးသမီးပြိုင်ပွဲဝင်တွေကိုလည်း ဆုချီးမြှင့်သွားမယ်လို့ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up