A d v e r t i s e m e n t With Us

အသင်းကြီးအားလုံး ဂိုးပြတ်နိုင်ခဲ့ကြသည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေအားလုံး ဂိုးပြတ်တွေနဲ့ အနိုင်ရရှိခဲ့ကြပါတယ်။ အသင်းကြီး မန်စီးတီးအသင်းကတော့ လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့  အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း အများပြားရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဂျီယူစ်နဲ့ ဒီဘရုန်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကိုတော့ မူစတပ်ဖီနဲ့ ဆန်းချက်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ အိမ်ကွုင်းမှာ ဆောက်သမ်ပတန်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် ဂိုးတွေကိုတော့ မိုဟာမက် ဆာလက်က ၁ ဂိုးနဲ့ ကော်တင်ညိုက ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းအသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးတွေကိုတော့ မိုရာတာနဲ့ အလွန်ဆိုတို့က ၁ ဂိုးစီနဲ့ ဟာဇက်က ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဖယားမှာတော့ မန်စီးတီးက အဆင့် ၁၊ ချဲလ်ဆီးက အဆင့် ၃၊ စပါးစ်က အဆင့် ၄၊ လီဗာပူးက အဆင့် ၅ နဲ့ အာဆင်နယ်က အဆင့် ၆ မှာ အသီးသီးရပ်တည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up