မန်ချက်စတာယူနိုက်တက် ၄-၁ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

2.1K
မန်ယူရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် နယူးကာဆယ်အသင်းရဲ့ ကစားသမား ဒီဝိုက်က ပွဲချိန် ၁၄ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူက အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ပေါ့ဘာနဲ့ မိုဗစ်တို့လည်း ပါဝင်ကစားခဲ့ကြပါတယ်။
မန်ယူအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ မာရှယ်၊ စမောလင်း၊ ပေါ့ဘာနဲ့ လူကာကူတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၁၂ ပွဲကစား ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၂ မှာ ဆက်လက်ရပ်တည်နေပါတယ်။ နယူးကာဆယ်အသင်းကတော့ ၁၂ ပွဲကစား ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။