A d v e r t i s e m e n t With Us

နျူကလီးယားလက်နက်အစီစဉ် ညှိနှိုင်းရန် မြောက်ကိုရီးယား ငြင်းပယ်

မြောက်ကိုရီးယားသံအမတ်ကြီး ဟန်တေးဆောင်း
နျူကလီးယား လက်နက် အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ကို မြောက်ကိုရီးယားက ငြင်းလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေသရွေ့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးတာ မလုပ်နိုင်ဘူးလို့ မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။ အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့ အဟန့်အတားအနေနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယား လက်နက်အစီအစဉ်ဟာ ဆက်ရှိနေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ဟန်တေးဆောင်းကို ရိုက်တာ သတင်းဌာနက လူတွေ့မေးမြန်းရာမှာ ခုလို ပြောလိုက်တာပါ။ “ဒဏ်ခတ်မှုဟာ မြောက်ကိုရီးယားစနစ်ကို ဖြုတ်ချပြီး လူသားချင်း စာနာမှု ကပ်ဘေးဆိုက်အောင် တမင်ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်။ လက်နက် တီထွင်မှုကို ဟန့်တားတာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။ အမေရိကန် အစိုးရက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ်အတွက် ပြင်ဆင်နေတဲ့အပြင် အကြမ်းဖက်ဝါဒကို ထောက်ပံ့နေတဲ့ နိုင်ငံများ စာရင်းထဲမှာ မြောက်ကိုရီးယားနိုင်ငံကို ထည့်သွင်းမယ့် ဖြစ်နိုင်ချေလည်း ရှိနေတာပါ။ မြောက်ကိုရီးယား နျူကလီးယား အကြပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ရေး အတွက် ဆက်လုပ်သွားမယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ နိုဝင်ဘာ ၁၇ ရက်နေ့က သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် အမေရိကန်သံတမန်ကတော့ ဘာအချက်ပြမှုမှ မရှိလို့ မြောက်ကိုရီးယားရဲ့ ရည်ရွယ်ချက်တွေကို  အကဲခတ်ရ ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up