ရိုဒီဂါအား အသားအရောင်ခွဲခြားခဲ့သည့် ရိုးမားပရိသတ်ကို ယူအီးအက်ဖ်အေ အရေးယူခြင်းမရှိ

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ရိုးမားအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ပွဲစဉ်မှာ ချဲလ်ဆီးကစားသမား အန်တိုနီယို ရိုဒီဂါကို ရိုးမားပရိသတ်တွေက အသားအရောင်ခွဲခြားခဲ့ပေမယ့် ယူအီးအက်ဖ်အေက အပြစ်ပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ရိုးမားပရိသတ်တွေက ရိုဒီဂါကို မျောက်နဲ့ ခိုင်းနှိုင်းပြီးတော့ အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ ရိုဒီဂါဟာ ရာသီအစပိုင်းက ရိုးမားအသင်းကနေ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ရိုးမားအသင်းက ထွက်လာတဲ့အချိန်မှာ အီတလီနိုင်ငံမှာ အသားအရောင်ခွဲခြားတာဟာ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ရိုဒီဂါဟာ စီးရီးအေမှာ ၅၆ ပွဲထိ ကစားခဲ့ပြီးတော့ ချဲလ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ပွဲ ၈ ပွဲအပါအဝင် ၁၁ ပွဲထိ ကစားထားခဲ့ပါတယ်။ ရိုးမားအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ် နှစ်ကျော့စလုံးကစားပြီး ဖြစ်သလို ပထမအကျော့ ချဲလ်ဆီးအိမ်ကွင်းမှာ တစ်ဖက် ၃ ဂိုးစီ သရေကျထားခဲ့သလို ရိုးမားကွင်းမှာ တော့ ရိုးမားအသင်းက ၃ ဂိုးပြတ် အနိုင်ရရှိထားခဲ့ပါတယ်။

More News
Up