နိုင်ငံတွင်း ဆင်စွယ်တင်သွင်းခွင့်ပြုသည့်ကိစ္စ အမေရိကန်သမ္မတ ပြန်လည်ဆိုင်းငံ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆင်နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်း တင်သွင်းခွင့်ပြုခဲ့တဲ့ ကိစ္စကို ဆိုင်းငံ့ထားမယ်လို့ နိုဝင်ဘာ ၁၇ ရက်က သူ့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဆင်စွယ် စတဲ့ အမှတ်တရပစ္စည်းတွေကို အမေရိကန်တင်သွင်းခွင့် ပြုခဲ့ပေမယ့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ အပြင်းအထန်ဝေဖန်ခဲ့တာကြောင့် အခုလို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇင်ဘာဘွေနိုင်ငံက ဆင်တွေကိုသတ်ပြီး ဆင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အမေရိကန်ကိုပြန်သယ်လာခွင့်ကို နိုဝင်ဘာ ၁၇ ရက်က ခွင့်ပြုပေးခဲ့တာပါ။ အဲဒီလိုခွင့်ပြုချက်ပေးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အခုလို ဆင်နဲပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ အမေရိကန်နိုင်ငံ တင်သွင်းခွင့်ကို အရင်သမ္မတ အိုဘားမားလက်ထက်က ပိတ်ပင်ထားတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up